တစ်ခါတစ်လေမှာ လူတွေဟာ ငှက်တွေရဲ့ဘ၀ကိုအားကျကြတယ်။ ငှက်တွေကလည်း သူတို့ ဘ၀ရဲ့ ကောင်းကင်ခရီးမှာ လေဆန်ကိုပျံတက်နိုင်ဖို့အတွက် အားသွန်ခွန်စိုက်ကြိုးပမ်းကြရတာပဲ။

တစ်ခါတစ်လေမှာ လူတွေဟာ အပြစ်ကင်းတဲ့ကလေးလေး ဘ၀မှာပဲ နေချင်တယ်လို့ ညည်းငြူကြတယ် တကယ်တော့ ဒီကလေးလေးရဲ့ ရင်ဘတ်ထဲကစကားကို လူကြီးတွေက ဘာသာပြန်ဖို့ခက်ခဲတယ် ဆိုတာ မေ့ထားကြတယ်။

တစ်ခါတစ်လေမှာ စိမ်းလန်းတဲ့လယ်ကွင်းတွေကိုမြင်ရင် လူတွေဟာ စိတ်ကြည်နှုးမှုကို ပိုင်ဆိုင်ရတယ်လို့ ကြွေးကြော်တယ်။ တကယ်တော့ ဒီလယ်ကွင်းတွေဟာ စပါးရိတ်သိမ်းပီးတဲ့နောက် မှာ ခြောက်သွေ့စွာ ကျန်ရစ်ခဲ့ကြရတယ်ဆိုတာကို ပြန်မတွေးမိကြဘူး။

တစ်ခါတစ်လေမှာ လူတွေဟာ ချိုသာတဲ့စကားသံလေးတွေကိုနှစ်သက်ကြတယ်။ ဒီစကား သံလေးတွေရဲ့ နောက်မှာ ရိုးသားမှုကင်းတဲ့ အပြုအမူတွေကပ်ပါလာတယ်ဆိုတာကို မရိပ်မိနိုင်ကြဘူး။

တကယ်တော့ဘ၀ဆိုတာ ကြိုတင်ခန့်မှန်းလို့မရနိုင်သလို ကြိုတင်စီစဉ်ထားလို့လည်း မသေချာနိုင်ဘူး။ အခြေအနေနဲ့အချိန်အခါရ သူဖြစ်ချင်တာကိုသူဖြစ်ခွင့်ရအောင်ဖန်တီးသွားတာဖြစ်တယ်။ ဒါကိုလူတွေက ကိုယ့်ဘ၀ကို ကိုယ်ထုဆစ်လိုက်လို့ဖြစ်နိုင်တယ်လို တစ်ဖက်လှည့်နဲ့ အနိုင်ယူပြောဆိုတယ်။

သင့်ရင်ထဲမှာကောပြောစရာစကားတွေရှိလား........... 


Comments

Popular Posts