ခရေပန်းနှင့် ပိုးဟပ်




ပိုးဟပ်ဖြူ ငယ်ငယ်တုန်းက ခရေပင်ကြီးတွေကို သိပ်ချစ်တယ်။ အဲကနေတစ်ဆင့် ခရေပန်းတွေကို သိပ်မြတ်နိုးခဲ့တယ်။ ခရေပန်းရဲ့ အဓိပ္ပါယ်ကိုမသိပေမယ့် ခရေဆိုတာကို ဘာမှန်းမသိတဲ့ကလေး ဘ၀ကတည်းက ခင်မင်မိတယ်။ မနက်လေးနာရီထိုးပီဆို ရွာဦးက ဘုန်းကြီးကျောင်းမှာ သူငယ်ချင်း တစ်သိုက်နဲ့အတူ ကန်ဘောင်ပေါမှာပေါက်နေတဲ့ အရွယ်အလတ်ရင့်နေပီဖြစ်တဲ့ ခရေပင်တက်ကြတာပေါ့။ လွယ်အိတ်စလွယ်သိုင်းပီ မှောင်မှောင်မဲမဲ မနက်ခင်အာရုံတက် သာတဲ့လရောင်အောက်မှာ အကြောက်အရွံ့ ကင်းမဲစွာ သူငယ်ချင်းတစ်သိုက် ပျော်ပျော်ပါးပါးကြီး မိုက်ခဲ့ဖူးတယ်။ အပင်ပေါရောက်တော့ ဝေလီဝေလင်းဖြစ်ပီလေ ခရေပန်းဖြူဖြူဖွေးဖွေးလေးတွေကို ကျင့်သားရနေပီဖြစ်တဲ့ မျက်စီက သိပ်မရှာရဘူး။
မလှမ်းမကန်းကို မမှီတမှီလေးနဲ့ ကိုင်းဖျားလေးကို ကိုယ်ဖော့နင်း ကိုင်းထိပ်က အရွက်ကလေးကိုဆက်ခနဲ ဆွဲ အိုဘာပြောကောင်းမလည်း လက်ထဲပါလာပီ ခရေပန်းတစ်ခိုင် ပိုးဟပ်ဖြူတို့တော့ပွတာပဲ။ ခူးပီးလွယ်အိတ်ထဲကိုထည့်။ အပျော်ကြီးပျော်ပေါ့ အပြစ်ကင်းလိုက်တဲ့ကလေးဘ၀။ တမ်းတမိရင် စိတ်ထဲကပျော်နေမိတယ်။ ခရေပင်က ခြောက်ပင် ကိုယ်တက်ချင်တဲ့အပင်တက်လို့မဖြစ်ဘူး အလှည့်ကျနဲပ အပင်ကို မဲခွဲရသေးတယ်။ ကံမကောင်းလို့ကတော့ ကိုယ်တက်တဲ့အပင်က အရွက်များ လို့ နှင်းငွေ့တွေမရိုက်ရင် ခရေက ဖူးနေတာပဲရှိသေးတယ်။ မပွင့်သေးဘူး ။ သူကနှင်းငွေ့လေး အနံအသက်ရမှ လန်းတာကို။ အဲမနက် ငါးနာရီကနေ ခြောက်နာရီထိုးပီပေါ့ အုံးမောင်ခေါက်ပီ။ ကျောင်းတိုင်ဆရာတော် ထုံစံအတိုင်းကျောင်းပါတ်ပီး မေတ္တာပို့ အောင်မလေး ခရေပင်နားကို ရောက်လာပါပီ။ ပိုးဟပ်တို့သူငယ်ချင်းတစ်သိုက် အသက်မရှုရဲဘူး။ နည်းနည်းလှုပ်တာနဲ့ လေးခွစာမိပီလေ။ ကျောင်းတိုင်ဆရာတော်က ခရေးပန်းတကယ်သဘောကျသကိုး။ ခူးမှာကို မကြိုက်။ ဒါကြောင့် မိုးမလင်ခင် လှုပ်ရှားရတာလေ။ အဲအချိန်မှာ အလိုက်မသိတဲ့ ခါချဉ်များ နိုးလာပါက သေပီပဲ။ နေ့လယ်နှစ်နာရီလောက်ဆို ကျောင်းတိုင်ဆရာတော် ကျိန်းပီပေါ့။ ဘယ်ရမလည်း အလစ်ချောင်းခါချဉ်တွေကို လာထား။ အုံလိုက်ကိုမီးရှို့ပစ်တာ။ ဒီလောက်  ဒွတ်ခပေးရမလားလို့။

ဆရာတော်ကတော့ မေတ္တာသာပါးစပ်ကပို့တာ လက်ကလေးခွကမချဘူး။ ခွေတွေအူးရင် လေးခွနဲ့ပစ်။ အပင်လှုပ်ပီးဆိုတာနဲ့ လှုပ်နေတဲ့အပင်ဆော်ပီသာမှတ်။ သူ့ကျောင်းတစ်ကျောင်းလုံးလည်းစား ပင်သောက်ပင် တွေချည်းပဲလေ။ စားချင်စရာတွေပေါ့။ ခလေးဆိုတော့လည်း လစ်တာနဲ့ ဆရာတော်ကျောင်းက ဘယ်အပင်ကိုး ဒွတ်ခပေးရမလည်း စဉ်းစားနေကြတာ။ ခရေပန်းကို ဘယ်လောက်ချစ်လည်းမေးရင် အခုထက်ထိကို ဘယ်ပန်းနဲ့မှမတူပဲ အထွတ်အထိပ်တန်းဖိုးထားတုန်းပဲ။ ပိုးဟပ်တို့ ငယ်ငယ်က သစ်ပင်တက် ကျွမ်းတယ်။ တစ်ခါတစ်လေများသစ်ပင်ကို တစ်ပင်နဲ့တစ်ပင်ကူးတာ မျောက်လွှဲကျော်များ အောင်မေ့ရတယ်။ ခုတော့ သစ်ပင်မပြောနဲ့ သစ်ငုတ်တိုပေါတောင်မတက် တက်ပေါင်။ မိန်းခလေးဆိုပေမယ့် ယောက်ကျားလေးတွေနဲ့အတူ တက်ကြတာ။ သူတို့လည်းပန်းခူးတာပဲ။ ဘာရယ်မဟုတ် ခရေပန်းကလေးများ ခူးပီးရင်။ အပွင့်ချင်းပြိုင်ကြသေးတယ်။ နင်ကဘယ်နှပွင့်လည်း ငါက ဘယ်နှပွင့်လည်း။ ပြန်စဉ်းစားကြည့်တော့ ရယ်စရာ။ တစ်ခါတစ်လေ ခွေးလိုက်လို့ပြေးရသေးတယ်။ တအားပျော်စရာကောင်းတယ်။ တစ်ခါတစ်လေ ဖိနပ်ပျောက်လို့ အိမ်ကျရင် အရိုက်ခံရသေးတယ်။

သူငယ်ချင်းတို့မှာကော ငယ်ငယ်က အမှတ်တရရှိခဲ့ဖူးမှာပေါ့။

Comments

Popular Posts